Five Element II (မိမိ Element ကို ရှာဖွေခြင်း)

တရုတ်တွေ မွေးနှစ်ကိုပြောရင် ခွေးနှစ်မွေး၊ ၀က်နှစ်မွေးစသည်ဖြင့် အကောင် ၁၂ ကောင်နဲ့ ပြောကြပါတယ်။ zodiac တွေရဲ့သဘာ၀နဲ့ လူရဲ့စိတ်ကို ဗေဒင်ဟောကြပါတယ်။
  ဒီအကောင် ၁၂ ကောင် ရင်းနှီးပြီးသားလည်းဖြစ်နေမှာပါ။ တရုတ်ဗေဒင် ဆရာတွေက ဒီအကောင်တွေအပြင် နှစ်တစ်နှစ်စီကို ကြီးစိုးထားတဲ့ element တွေရယ်၊ (+/-)တွေရယ်ကိုပါ ထည့်သွင်း စဉ်းစားမှ လူတစ်ယောက်ရဲ့ သဘာ၀ကို ကောင်းကောင်း သိနိုင်တယ် လို့ဆိုတယ်။
ဥပမာပြောရရင် ယုရဲ့ မွေးနေ့က ကြက်နှစ် Metal ပါ။ ကြက်ရဲ့သဘာ၀က ကိုယ်လုပ်ချင်တာလုပ်တတ်တယ်၊ Metalကခေါင်းမာတယ်၊ မှန်တယ် ထင်ရင်အလျော့မပေးတတ်တာ ယုရဲ့သဘာ၀ပါ။ အရင် Postမှာရေးခဲ့တဲ့ အဖျက်ဓာတ်နဲ့ ပံ့ပိုးဓာတ် ဇယားကို ကြည့်ပြီးဘယ်နှစ်ဖွားကကိုယ့်အပေါ်မှာကောင်းတယ်။ ဘယ်နှစ်ဖွားက နောက်ကျောဓားနဲ့ ထိုးမယ့်လူဆိုတာ ခန့်မှန်း ကြည့်လို့ရတယ်။ နှစ်တစ်နှစ်ရဲ့ အဆိုးအကောင်းကိုလည်းအဲဒီနှစ်ရဲ့ အကောင်နဲ့elementကို ကြည့်ပြီးပြောပါတယ်။ ဥပမာ - ၂၀၁၃ နှစ် ဟာ water (-) snake ဖြစ်ပါတယ်။

အကောင် ၁၂ ကောင်က ၁နှစ်စီလည်ပတ်နေသလို ဓာတ်သဘောကလည်း အောက်ပါဇယားအတိုင်း လိုက် လည်ပတ် နေပါတယ်။


EARTH
+
EARTH
-
METAL
+
METAL
-
WATER
+
WATER
-
WOOD
+
WOOD
-
FIRE
+
FIRE
-

element က ၁၀ခု၊ အကောင်က ၁၂ ကောင်ဆိုတော့ အကောင်တစ်ကောင်နဲ့ဓာတ်တစ်ခုကပုံသေမဟုတ်ပါ။ ဒါပေမယ့် အကောင်တစ်ကောင်မှာသူ့ရဲ့ ပုံမှန်သဘာ၀ကြီးစိုးထားတဲ့ဓာတ်တွေရှိတယ်။ နှစ် ၆၀မှ တစ်ကြိမ် သူ့ရဲ့သဘာ၀ဓာတ်ကို ပြန်ရတယ်။ အဲဒီလိုနှစ်တွေမှာမွေးတဲ့သူတွေကကျန်တဲ့နှစ်တွေထက် အကောင်ရဲ့သဘာ၀ အပြည့်ရတယ်လို့ ဆိုတယ်။

ကြွက်
ရေ
နွား
မြေ
ကျား
သစ်
ယုန်
သစ်
နဂါး
မြေ
မြွေ
မီး
မြင်း
မီး
ဆိတ်
မြေ
မျောက်
သံ
ကြက်
သံ
ခွေး
မြေ
၀က်
ရေ
     
 ကိုယ်မွေးတဲ့နှစ်ရဲ့ စိုးမိုးတဲ့အကောင်နဲ့ ဓာတ်ကိုသိချင်ရင် ဇယားလေးချကြည့်ရအောင်။ zodiac နဲ့ Element က အထက်ကဇယားလိုအစဉ်လိုက်လည်ပတ်နေတာပါ။ ဒါကြောင့် zodiacရော elementရော သိတဲ့နှစ်တစ်နှစ်ကနေတစ်ပတ် ပြည့်အောင် စဉ်ကြည့်ကြမယ်။ Earth (+) ကြွက်နှစ်ဖြစ်တဲ့ ၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့နှစ်ကို မှတ်ထားပြီး ဒီလိုလေးစဉ်ကြည့်ရအောင်။


1948
ကြွက်
EARTH (+)
1949
နွား
EARTH (-)
1950
ကျား
METAL (+)
1951
ယုန်
METAL  (-)
1952
နဂါး
WATER (+)
1953
မြွေ
WATER (-)
1954
မြင်း
WOOD (+)
1955
ဆိတ်
WOOD (-)
1956
မျောက်
FIRE   (+)
1957
ကြက်
FIRE   (-)
1958
ခွေး
EARTH(+)
1959
၀က်
EARTH(-)


            
နှစ်၆၀တစ်ခါတူတယ်ဆိုတော့ ၁၉၄၈ နဲ့တူတာ ၂၀၀၈ပါ။ လိုသလိုတွက်ကြည့်ပါ။ ဒါပေမယ့် တရုတ်နှစ်တွေက တရုတ်နှစ်သစ်ကူးပေါ် အခြေခံတော့ ဇန်နဝါရီ၊  ဖေဖော်ဝါရီ တွေဆို မတိကျနိုင်ဘူး။ 
စိတ်ညစ်သွားပြီလား......



No comments:

Post a Comment