Me and this blog: စာရေးသူနဲ့ ဒီblog




ဒီဘလော့က ယုရဲ့ပထမဆုံးဘလော့ပါ။ Fengshuiဆိုတဲ့ topicကို ရွေးတာကတော့ အစကပြောခဲ့သလို စိတ်၀င်စားလို့ပါ။ ကိုယ်လေ့လာ ပြီးသားတွေလည်း တစ်စုတစ်ဝေးတည်းဖြစ် သူများတွေလဲ လေ့လာနိုင်တာပေါ့။


blogတွေ ခေတ်စားချိန် ၂၀၀၉၊ ၂၀၁၀ လောက် ကတည်းက ရေးချင်ပေမယ့် ကျောင်းစာတွေနဲ့ နပန်းလုံး နေရတာတွေ၊ ဘလော့တွေက Access denied ဖြစ်နေတာနဲ့ပဲ မရေး ဖြစ်ခဲ့ပါဘူး။ အခုတော့blogထက် ပိုအသုံးများတာက facebook Fanpage ပါ။ pageတွေက data ပြန်ရှာရတာ မလွယ်ဘူး။ connection မကောင်:ရင် ရေးတဲ့date သိတောင် ရေးပြီး သား post ပြန်ရှာရတာ တော်တော် မလွယ်တာပါ။ယုရဲ့ page ကိုတော့ facebookမှာ ကြော်ငြာဖို့ရယ်၊ ဘလော့ Linkကို ပြန်ညွှန်းဖို့ရယ် သုံးပါတယ်။

ဒီblogစလုပ်တဲ့နေ့က Feb 12 တရုတ်နှစ်ကူးညပါ။ အမှတ်တရလေး ဖြစ်အောင်လို့လေ။ ဒါပေမယ့်လည်း အဆင်မပြေတာတွေတော်တော်များခဲ့ပါတယ်။ စရေးမယ်ကြံကတည်းက မီးက စဖောက်ပါတယ်။ connetion ကောင်းတဲ့ အချိန်ဆို မီးပျက်တယ်။ မီးလာရင် connetionမရဘူး။ စရေးတုန်းက ဇော်ဂျီနဲ့ပါ။ နောက်ပိုင်း Googleက မြန်မာစာ ပေးတော့ unicodeကို သုံးဖို့ဖြစ်လာတာနဲ့ တစ်ခါတည်း unicodeကို သုံးလိုက် ပါတယ်။ ဒီမှာပြဿနာစတာပါပဲ။ ဇော်ဂျီပဲ အသုံးများတော့ ဇော်ဂျီသမားတွေအတွက် ကြံရဖန်ရ။ ရသွား တော့လည်း မထူးပါဘူး၊ Font embedded ပဲလုပ်မယ်ဆိုပြီးလုပ်ချင်ပြန်ရော။ ကိုယ့်ဆီဘယ်သူလာလာ နားမလည်လဲ စာလေးတွေမြင်ရတာ လေးထောင့်တုံးတွေမြင်ရတာထက် ကောင်းမယ်ထင်လို့ပါ။ ကိုယ်က လည်း coding တစ်ခုမှ မသိတော့စမ်းတဝါးဝါးနဲ့ပဲ June ၁ရက်နေ့မှ အပြီးသတ် နိုင်တယ်။ ကိုယ်တိုင်က တော်တော် ပေရှည်တဲ့ အကျင့်ရှိလို့ပါ၊ ဒါရရင်ဟိုဟာလုပ်ချင်၊ ဟိုဟာလေးစမ်းချင်နဲ့။ (ဒါတောင် မနေ့က ဘာမှ မမြင်ရတော့လို့ စိတ်ညစ်နေတာ တော်သေးတယ် code တစ်ကြောင်းပြင်ရုံနဲ့ ပြန်ရလို့)

စထားတဲ့ Date Feb 12 ကို မပြင်ချင်လို့ back date နဲ့ပို့ဒ်တွေ ပြန်ရေးဖြစ်နေပါတယ်၊ ကျောင်းတုန်းက စာအုပ်လိုပဲ အပေါက်တွေဖြစ်နေပါတယ်။ အမြန်ဆုံးအပေါက် ဖြည့်ပေးပါမယ်။ လာလည်တဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ အဆင်ပြေရင်လည်း သူငယ်ချင်းတွေကို လက်ဆင့်ကမ်းပေး လိုက်ပါ။

To Read with Zawgyi font


No comments:

Post a Comment