Fengshui2share4 နဲ့ Android ပြဿနာ

MWDမှာ ၀င်ပါပြီးတော့ traffic တွေတော့ တက်လာတယ်။ ဒါပေမယ့် သူက Android version ပဲထွက်သေးတာဆိုတော့ လာပြီးဖတ်မရတဲ့စာတွေကိုမြင်ပြီး လှည့်ပြန်သွားမယ့် သူတွေကိုတွေးမိတော့ အိပ်မနိုင် စားမရဖြစ်လိုက်ရပါတယ်။  iso version ထွက်ရင်တော့ကောင်းတာပေါ့။ ဘာမြန်မာဖောင့်မှ မရှိတဲ့ ကွန်ပျူတာတွေ၊ idevice တွေကနေတောင် ဒီ site ကိုဖတ်လို့ရပါတယ်။  စက်ရုပ်တွေကသာ ချွင်းချက်ဖြစ်နေတာ။ အဖြေရှာမရတဲ့အဆုံး အလွယ်နည်းလေးသုံးထားပါတယ်။
အဲဒါကတော့ To read with zawgyi font ဆိုပြီး postတိုင်းရဲ့ အောက်ခြေမှာရှိတဲ့ လင့်ခ် ကနေ ဖတ်လို့ရအောင် စီစဉ်ထားပါတယ်။
Android Version 4.1 ဆိုရင်တော့ ဖတ်လို့ရကောင်းရနိုင်မယ်ထင်တယ်။ စမ်းစရာ device မရှိလို့ စမ်းတော့မကြည့်ထားဘူး။
နောက်တစ်ခုက Android Application ပါ။ အစကတော့ Android သမားတွေအတွက် ဇော်ဂျီပဲ ထည့်တော့မလို့ပါ။ ဒါပေမယ့် built in မြန်မာစာပါတဲ့ ဖုန်းတွေကို ရည်ရွယ်ပြီး ၂မျိုးလုံးထည့်ထားပါတယ်။ ဖတ်လို့ရတာနဲ့ သာဖတ်ပါ။ သူများတွေကတော့ Englsih-myanmar ဗားရှင်း ၂မျိုး၊ ကိုယ်တွေက မြန်မာချည်းပဲ ၂မျိုး ဟုတ်တော့ဟုတ်နေတာပဲ။ ဘယ်တတ်နိုင်မလဲ ဖတ်စေချင်တာကိုး။ နောက်၂နှစ်၃နှစ်ဆို ဒီပြဿနာ ပြေလည်သွားမှာပါ။ ရှိသင့်တဲ့သူတွေနေခဲ့ပြီး သွားသင့်တဲ့သူတွေသွားမှာပေါ့။ ထားလိုက်ပါတော့။
ပြောချင်တာက ဖုန်းရွှေကိုလေ့လာမိသမျှလေး လိုချင်ရင် ဘေးကပုံလေးကပဲဖြစ်ဖြစ်၊ အောက်ကလင့်ခ် ကပဲဖြစ်ဖြစ် ယူသွားကြပါတော့။   

                                                              Fengshui2share4.Apk



To read with Zawgyi font

No comments:

Post a Comment