Taboo for Hungry Ghost Festival and Ghost Month:တစ္ဆေကြီးပွဲတော်နှင့် တစ္ဆေလဆိုင်ရာ အယူဝါဒများ


ဒီလ (၇)ရက်နေ့ဆို တရုတ် (၇)လပိုင်းဝင်ပါပြီ။ တရုတ်ပြက္ခဒိန်ရဲ့ ၇လပိုင်းမှာ တစ္ဆေကြီးပွဲကိုကျင်းပလေ့ ရှိပါတယ်။ ၇လပိုင်းကိုလည်း တစ္ဆေများလလို့ ခေါ်ပါတယ်။ ပုံမှန်အားဖြင့် july-august (သို့) august-september အတွင်းကျရောက်ပါတယ်။ ဒီနှစ်အတွက်ကတော့ august 7 ရက်ကနေ September 4 ရက်နေ့အတွင်းကျရောက်ပါတယ်။
သူတို့အယူအရ ဒီလဟာ မကောင်းတဲ့ အငွေ့အသက်တွေ များနေတယ်။ ကံဆိုးတတ်တဲ့လလို့ဆို တယ်။
ဒီလအတွင်း ဆောင်ရန် ရှောင်ရန်များကို ဖော်ပြပေးလိုက်ပါတယ်။
•( ၇ )လပိုင်းက မကောင်းတဲ့ ဓာတ်တွေသိပ်များနေလို့ ကောင်းတဲ့အလုပ်ဘာမှမလုပ်ကြပါဘူး။ လုပ်ငန်းအသစ်စတင်တာ၊ ကုမ္ပဏီဖွင့်တာတွေလည်း မလုပ်ပါဘူး။
• မင်္ဂလာမဆောင်ပါဘူး။ မင်္ဂလာဆောင်တဲ့ အချိန်မှာ မကောင်းတဲ့ဝိညာဉ်တွေက ကျိန်စာတိုက်တတ်လို့ အဆုံးသတ်မကောင်းဘူးလို့ယူဆပါတယ်။
• အဲဒီလမှာ ရေကူးခြင်းကို အထူးရှောင်ကြပါတယ်။ ရေထဲမှာလည်း ဝိညာဉ်တွေများနေလို့ သူတို့ပြန်ဝင်စားဖို့ အသုံးချမှာစိုးလို့ပါ။ ဗမာ အယူ လူလဲတာလိုမျိုးပေါ့။ မြစ်တွေချောင်းတွေကို ဆိုလိုတာ ဖြစ်နိုင်ပေမယ့် စင်ကာပူက လူတွေက ရေကူးကန်မှာတောင် မကူးကြပါဘူး။
• ခရီးသွားတာ၊ တောင်တက်တာတွေလည်းမလုပ်ကြပါဘူး။ ထိခိုက်လွယ်တတ်တယ်။
• ဒီတစ်လလုံး ညဘက် ညဉ့်နက်အပြင်မှာနေခြင်းကိုလည်းရှောင်ကြပါတယ်။ အိမ်ကိုစောစောပြန်လေ့ရှိတယ်။ အထူးသဖြင့် ကလေးတွေကိုပါ။ လျှောက်သွားနေတဲ့ ဝိညာဉ်တွေက ကလေးတွေကို ၀င်ပူးမှာစိုးလို့တဲ့။။
• မကောင်းတဲ့ဓာတ်ကို ထပ်ဆင့် ခေါ်သလိုဖြစ်လို့ အမည်းရောင်ဝတ်တာကိုလည်းတားမြစ်ထားပါတယ်။


ဒီပွဲတော်ကျင်းပတဲ့ အကြောင်းရင်း နဲ့ ပေါ်ပေါက်လာပုံကို ‘ ဒီမှာဆက်ရေးထားပါတယ်။



To Read with Zawgyi Font

No comments:

Post a Comment