Fengshui:ဖုန်းရွှေဆိုသည်မှာ


ဖုန်းရွှေဆိုသည်မှာ လူတစ်ယောက်ရဲ့ကံကြမ္မာကိုကောင်းသွားအောင်ပံ့ပိုးနိုင်သလို၊ အဆိုးဘက်ကိုလည်း တွန်းပို့နိုင်တဲ့ ရှေးနှစ်ပေါင်းများစွာ ကတည်းကတည်ရှိလာတဲ့ တရုတ်ရိုးရာ ပညာ တစ်ခုဖြစ်တယ်။ အခုခေတ် မှာ အမေရိကန်၊ သြစတြေးလျနဲ့၊ အင်္ဂလန်တို့လိုအ နောက်နိုင်ငံကြီးများကပါ ယုံယုံကြည်ကြည်နဲ့ သုံးစွဲ နေကြပြီ ဖြစ်ပါတယ်။



အာရှတိုက်ကစင်္ကာပူတို့၊ မလေးရှားတို့မှာလည်း စီးပွားရေး လုပ်ငန်းတိုင်းက fengshuiနဲ့ မကင်း ကြပါဘူး။ fengshuiဖန်းရှီးလို့ ရေးပြီး Fengshawyဖုန်းရွှေလို့အသံထွက်ပါတယ်။ ပစ္စည်းချတဲ့နေရာ၊ အိမ်ရှေ့ မျက်နှာ လှည့်၊ တံခါးမကြီးထားတဲ့နေရာစတာတွေနဲ့ ကံကောင်းအောင် ဖန်တီးယူကြပါတယ်။ ဖုန်းရွှေပညာက ဒါတွေကို သင်ပြပေးပါတယ်။ ဆရာ တစ်ယောက်ကပြောပါတယ်“ဖုန်းရွှေက ထီပေါက် အောင်လုပ်မပေး နိုင်ပါဘူး။ ဒါပေမယ့် သင့်ရဲ့ထီကံတက်လာအောင်တော့လုပ်နိုင်ပါတယ်” တဲ့။ ဖုန်းရွှေပညာက အင်မတန် နက်နဲ ပါတယ်။ လေ့လာလေလေကျယ်ပြန့် လေလေပါပဲ။ အခုခေတ် အနောက် တိုင်းရဲ့ ဖုန်းရွှေပညာမှာဆိုရင် အခြေခံတရုတ်ဖုန်းရွှေပညာအပြင် Law of Attraction လို့ခေါ်တဲ့ ပညာကိုပါ ထည့်သွင်း ပြောဆိုလာကြ ပါတယ်။

ယုလည်း စိတ်၀င်စားလို့ လေ့လာနေတာ ၁၂နှစ်ကျော်ပါပြီ။ ကိုယ့်လို ဝါသနာတူတွေ လေ့လာနိုင်အောင် မြန်မာblog တစ်ခုလုပ်ဖြစ်ခဲ့တာပါ။ အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမှာပါ။ မှားနေတာများ ရှိရင်လည်း သင်ပြ ပေးကြပါ။ ဒီနေရာကနေ အကြံတောင်း ခံရင်လည်းတတ်နိုင်သမျှ အကြံကောင်းတွေ ​ဝေမျှပေးသွားပါမယ်။


To Read with Zawgyi

No comments:

Post a Comment