Easy Fengshui:ဖုန်းရွှေဆိုင်ရာ ဆောင်ရန်ရှောင်ရန်အချို့

ဖုန်းရွှေကို အသုံးချတဲ့အခါမှာ ဓာတ်ကြီးငါးပါးတို့ အရပ်မျက်နှာတို့ကို စဉ်းစားစရာမလိုပဲ လူတိုင်းလွယ်လွယ် လုပ်နိုင်တဲ့ နည်းလမ်းတွေကို အရင်တင်ပြပေးလိုက်ပါတယ်။
၁။ အိမ်ရှေ့တံခါးကြီးရဲ့ ဘေးဘယ်ညာမှာ ဖိနပ်တွေချွတ်ထားလေ့ရှိတာကို အိမ်တိုင်းလိုလို တွေ့ရတတ်ပါတယ်။  ဒီအလေ့အကျင့်က မကောင်းပါဘူး။ ဘာကြောင့် လဲဆိုတော့ အိမ်ရှေ့ဆိုတာ ကောင်းတဲ့ချီဓာတ်တွေ အိမ်ထဲကို စစီးဆင်းတဲ့ လမ်း ကြောင်း ဖြစ်ပါတယ်။
လေနဲ့အတူ၀င်လာတဲ့ ချီဓာတ်တွေဟာ ဖိနပ်က အနံ့အသက် တွေကို အိမ်ထဲကို သယ်ဆောင်လာရင် နေမကောင်းမှုတွေကို ဖြစ်စေပါတယ်။ အိမ်ရှေ့ ဆိုတာ ကောင်းတဲ့ချီဓာတ်တွေကို ဖိတ်ခေါ်ဖို့ သန့်ရှင်းနေရမယ့် နေရဖြစ်ပါတယ်။
ဖိနပ်တွေကို ခပ်လှမ်းလှမ်းမှာဖြစ်ဖြစ်၊ အိမ်ရှေ့တံခါးမကြီးကိုကျော်ပြီးမှဖြစ်ဖြစ် စင်လေးနဲ့ ထားလိုက်ပါ။

၂။ သင်ဟာ အိမ်ထောင်ရှိသူဖြစ်တယ်ဆိုရင် နှစ်ယောက်အိပ်ကုတင်ကို ထောင့်မှာကပ်မထားပဲ ဘေးနှစ်ဖက်လုံးက အတက်အဆင်းပြုနိုင်မယ့်အနေအထားမျိုးထားပေးပါ။

၃။ ကုတင်ရဲ့ အောက်မှာလည်း ချီဓာတ်တွေ ကောင်းကောင်းစီးဆင်းနိုင်အောင် ရှင်းရှင်းလင်းလင်းထားရပါမယ်။ ပစ္စည်းတွေ အများကြီးထည့်ပိတ်ထားတာမျိုးတွေ မလုပ်ရပါဘူး။ ကုတင်ကလည်းအောက်ခြေကို ပိတ်ထားတဲ့ ကုတင် မျိုးထက် ခြေထောက်လေးချောင်းကုတင်တွေက ပိုကောင်းပါတယ်တဲ့။

၄။ လသားကလေးတွေကို သိပ်တဲ့အခါမှာလည်း မွေ့ယာပေါ်မှာ ဒီအတိုင်းသိပ်တာမျိုးလုပ်ရင် ခဏခဏဖျား တတ် ပါတယ်။ ကလေးပြုတ်ကျမှာ မပူရပေမယ့် ချီဓာတ်စီးဆင်းမှု မရှိတော့ ဖုန်းရွှေအနေနဲ့ကြည့်ရင် ကောင်းတဲ့အနေ အထားတော့မဟုတ်ပါဘူး။

၅။ ခြံ၀န်းထဲမှာ အပင်တွေစိုက်ထားတယ်ဆိုရင် ပုံမှန် ထိန်းသိမ်းပေးရပါမယ်။ အပင်တွေအရမ်းကြီးထွားလာပြီး အိမ်ကို အုပ်မိုးလာတာမျိုးတွေမရှိစေရပါဘူး။ သစ်ပင်အကိုင်းတွေနဲ့ အိမ်နဲ့ထိမနေရပါဘူး။ တစ်ချို့ကတော့ အပင်ကို ကြီးရင်ကောင်းတယ်ဆိုပြီး ကြီးချင်သလောက်ကြီးပစ်ထားတာဟာ အရမ်းဆိုးပါတယ်။ သစ်ပင်က လူကိုဖုံးလွှမ်းသွားတဲ့ အခြေအနေမျိုးဖြစ်သွားတာမို့ အိမ်မှာရှိတဲ့ သူတွေအတွက် အလုပ်အကိုင် အဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်။

၆။ တိုက်ခန်းတွေမှာ ဘုရားစင်ထားတဲ့နေရာနဲ့ အိမ်သာနဲ့ တစ်တန်းတည်း(နံရံတစ်ခုတည်း)ဖြစ်နေတာမျိုးတွေ ရှိတတ်ပါတယ်။ဒီလိုပုံစံကလူကိုခိုက်တတ်ပါတယ်။ ကြားမှာအခန်းခြားတာပဲဖြစ်ဖြစ်၊ တစ်ဖက်နံရံပြောင်းထားတာပဲ ဖြစ်ဖြစ် တစ်ခုခုလုပ်လိုက်ပါ။ တစ်ချို့က ၀ရံတာကိုပိတ်ပြီး ဘုရားခန်းလုပ်တတ်ပါတယ်။ ဒါလည်း ကောင်းတဲ့ နည်းလမ်း တစ်ခုပါပဲ။


၇။ ဘုရားစင်က ဘုရားပန်း၊ ဧည့်ခန်းရုံးခန်း စတဲ့နေရာတွေက အလှပန်းအိုးတွေမှာ ပန်းတွေညှိုးနွမ်းခြောက်သွေ့ မနေစေရပါဘူး။ အမြဲလန်းဆန်းနေရပါမယ်။ အသစ်မလဲနိုင်ရင် ပန်းခြောက်တွေဖယ်ပြီး ပန်းအိုးသိမ်းထားလိုက်ပါ။ အမြဲလဲဖို့အဆင်မပြေရင် artificial ပန်းကိုသုံးပါ။ 


To Read with Zawgyi Font

No comments:

Post a Comment