Fengshui2share4 in Myanmar Website Directory

အရင်လက facebook ပေါ်မှာ android အတွက် web directory တစ်ခုလုပ်မယ်။ blog တွေ page တွေ အလကားထည့်လို့ရပါတယ်ဆိုတော့ ရှေ့ဆုံးကသွားထည့်လိုက်တာပေါ့။ ကဲ july 14 ရက်က Myanmar Website Directory ရဲ့ Application လေးထွက်လာပါပြီ။ တော်တော်လေးအသုံးဝင်ပါတယ်။
fengshui2share4 က ဗေဒင်ဝန်ဆောင်မှုနှင့်ဆိုင်သောကဏ္ဍမှာ ပါပါတယ်။ ဖုန်းရွှေက ဗေဒင်လားလို့   မေးစရာ ဖြစ်လာပါတယ်။ ဟုတ်လဲဟုတ်ပါတယ်။ မဟုတ်လည်းမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အစမှာ ပြောခဲ့သလို ဖုန်းရွှေပညာက အရမ်းကျယ်ပြန့်ပါတယ်။  တရုတ်အပ်စိုက်ကုနည်းတွေ၊ တရုတ်တိုင်းရင်းဆေး တွေကလည်း ဖုန်းရွှေပညာကို အခြေခံပါတယ်။ ဒါမျိုးဆို ဆေးပညာနဲ့ဆိုင်မှာပေါ့။ တရုတ်ကားထဲကလို မျက်နှာမှာအမည်းရိပ်သန်းနေတယ် ကံဆိုးတော့မယ်ဘာညာဆိုပြီး ဟောတာမျိုးကြတော့ ဖုန်းရွှေပညာနဲ့ တွက်ချက်ပြီး ဗေဒင်ဟောတာပါ။ ဒါကတော့ ဗေဒင်ပေါ့ ဝိဇ္ဇာနဲ့ နည်းနည်းတူသလိုပဲ။ ကျမရေးတဲ့ နည်းလမ်းက ဒီပညာကို အသုံးချပြီး လူနေမှုဘဝကို ပံ့ပိုးပေးတဲ့နည်းတွေပါ။ ပုံမှန်ဆို Lifestyle ဆိုတဲ့ကဏ္ဍ ကိုပဲ ရွေးဖြစ်ပါတယ်။ အဲဒီမှာ ရွေးခိုင်းတုန်းက အဲဒီကဏ္ဍမရှိတာနဲ့ အနီးစပ်ဆုံး Astrology ကိုရွေးလိုက် တာပါ။ အခုတော့ သူ့ကျေးဇူးနဲ့ ဧည့်သည်ပိုများလာတာကျေနပ်စရာပါ။


အဲဒီ Application လေးလိုချင်ရင် အောက်မှာယူသွားလိုက်ပါ။




No comments:

Post a Comment