Problem and Five Element: ကြုံတွေ့နေရသောပြသနာများနှင့် ဓာတ်ကြီးငါးပါး



သင့်ရဲ့စိတ်ထဲမှာ မလန်းဆန်းတာ၊ လေးလံထိုင်းမှိုင်း နေတာမျိုးတွေ ခံစားဖူးကြမှာပါ။ ပတ်၀န်းကျင်မှာလည်း သာယာစိုပြေမှု မရှိ၊ မိသားစုထဲမှာလည်း စိတ်ဝမ်းကွဲပြီး ပျော်ရွင်မှုမရှိတာ မျိုးတွေနဲ့ ကြုံနေရပြီဆိုရင် ဓာတ်ပျက်နေပြီလို့ပြောလို့ရတယ်။ ဆန်းပျက်ခြင်း၊ ဓာတ်ပျက်ခြင်းကို ပြင်တဲ့ပညာကို မြန်မာလူမျိုးတွေရဲ့ ဗေဒင်ပညာ မှာလည်း ထည့်သုံးလေ့ရှိပါတယ်။


  ဒီလိုတွေဖြစ်နေရင် ဘယ်ဓာတ်တွေဖောက်ပြန်နေသလဲဆိုတာ သိဖို့ အောက်ပါအချက်တွေနဲ့ တိုက်ဆိုင် စစ်ဆေး ကြည့်ပါ။


  •  စိတ်ထဲမှာ ကြောက်ရွံ့ခြင်း၊ စိတ်ညစ်ညူးခြင်း၊ စိတ်လေးလံခြင်း၊ စိတ်ဓာတ်ကျခြင်း တို့ ဖြစ်နေတယ်ဆိုရင်    မီးဓာတ်နဲနေတာ သို့မဟုတ် ရေဓာတ်များနေတာပါတဲ့
  •   အဲဒီလို မီးဓာတ်နည်းနေတာ သို့မဟုတ် ရေဓာတ်များနေတဲ့ အခြေနေမှာ ကိုယ်အလေးချိန်တက်တာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်ချနေတဲ့သူတွေက ဒီအချက်လေးကို သေချာတည့်မတ်ပေးရပါမယ်
  •   မပျော်ရွှင်ဘူးဆိုရင်တော့ မီးဓာတ်နဲနေတာပါပဲ။
  •    မီးဓာတ်များနေရင်တော့ စိတ်တိုလွယ်တာ၊ ကမူးရှူးတိုးလုပ်တာ၊ စိတ်ကယောက်ကယက်ဖြစ်တာ၊ သောကဖိစီးတာမျိုးတွေ ဖြစ်တတ်ပါတယ်။
  •  ဂနာမငြိမ်ဖြစ်တာ၊ လိုတာထက်ပိုသွက်လက်နေတာ၊ စိတ်တွေအရမ်းရှုပ်ထွေးနေတာ၊ ချစ်သူနဲ့ ခဏခဏအဆင်မပြေဖြစ်တာနေတာတွေက မြေဓာတ်ချို့ယွင်းနေလို့ပါ။
  •   ငွေရေးကြေးရေးအဆင်မပြေတာ၊ စီးပွားမတက်တာ၊ ရာထူးမတက်တာ၊ အခွင့်အရေး ရပိုင်ခွင့်တွေဆုံးရှုံး ရတာက ရေဓာတ်နည်းနေတာကြောင့်ပါ။
  • ကျန်းမာရေးမကောင်းတာ၊ မိသားစုအဆင်မပြေတာ၊ ကလေးမရတာတွေက သစ်သားဓာတ်လျော့နဲ မှုကြောင့်ပါ။
  •  ကြွေးပူတာ၊ ပေးစရာများပြီးရစရာနဲနေတာမျိုးက ရေဓာတ်နဲနေတာရော၊ သစ်သားဓာတ်နဲနေတာရော ကြောင့်ဖြစ်တတ်ပါတယ်။
  •  အရမ်းကိုအလုပ်ရှုပ်နေတာ (အလုပ်ရှုပ်စရာမဟုတ်ဘဲရှုပ်တာကို ဆိုလိုပါသည်)။ အတွေးစတွေ ပြန့်ကျဲနေတာ၊ အလုပ်ကို စုစည်းလုပ်ဆောင်လိုမရတာက ရွှေဓာတ်များတာဖြစ်ပြီး
  • ရွှေဓာတ်နဲနေရင်တော့ တီထွင်ဖန်တီးနိုင်စွမ်းမရှိတာ၊ အာရုံစူးစိုက်လို့မရတာ၊ ထိုးထွင်းသိမြင်နိုင်စွမ်းမရှိ တော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ကဲပြဿနာကိုတော့ ရှာဖွေဖို့ နည်းလမ်းကောင်းတွေ ရပြီနော်။ ဖြေရှင်းဖို့အတွက်ကို ဓာတ်တွေဘယ်လိုညှိ ရတယ်၊ ဘာတွေသုံးရတယ် ဆိုတာတော့ နောက်မှပဲ ဆက်တင်ပြပါမယ်။ ဒီကြားထဲမှာ ဓာတ်ကြီးငါးပါးရဲ့ သဘာ၀ကို တစ်ခုချင်းစီရှင်းပြပေးသွားပါဦးမယ်။


To Read with Zawgyi

No comments:

Post a Comment