Bad For Love:ချစ်သူနဲ့မြန်မြန်လမ်းခွဲဖို့



ခေါင်းစဉ်ကြည့်ပြီးလန့်သွားလား။ ဖုန်းရွှေရဲ့ လက်တွေ့အသုံးချပညာကိုစတာ ချစ်သူနဲ့ ပေါင်းဖက်ဖို့ မဟုတ်ဘဲလမ်းခွဲဖို့ ဖြစ်နေတာ နဲ့ စိတ်ညစ်မသွားနဲ့ဦး။ ဒီလိုနည်းလမ်းကသူများတွေရေးမှာမဟုတ်လို့ပါ။ ဟဲဟဲ လက်ရှိရည်းစားကိုပျင်းနေတဲ့သူတွေ၊ ခေါက်ရ ခက်နေတဲ့သူတွေ၊ ကိုယ့် foul မဟုတ်ဘဲ အေးအေးချမ်းချမ်းနဲ့ လမ်းခွဲချင်တဲ့ သူတွေအတွက် အထူး special.

 ရွှေလက်တွဲမြဲချင်သူ များကတော့ ဒါတွေကို သိထားနှင့်တော့ ကြိုပြီးဆင်ခြင်ထားရင် ငြိမ်းချမ်း ရတာပေါ့။

  1.   ဖုန်းရွှေရဲ့အသက်ကအမှိုက်ရှင်းတာ (declutter). ပြောင်းပြန်လုပ်ပြီးအမှိုက်ဖွမယ်။ ရုံးအလုပ်တွေ၊ စာရွက်တွေ၊ စာအုပ်တွေ၊ ဖိုင်တွေ ဖွထားလိုက်။
  2. ခုတင်(တစ်ယောက်အိပ်ဖြစ်စေ၊ နှစ်ယောက်အိပ်ဖြစ်စေ) တစ်ဖက်ကိုနံရံနဲ့ကပ်ထားလိုက်၊ တစ်ဖက်ပဲတက်လို့ရအောင်။ မြန်မာလူမျိုးအတော်များများကခုတင်ကို နေရာမပုပ်အောင် ဒီလိုပဲထားကြတယ်။ Fengshui မကောင်းတဲ့ အထားအသို ဖြစ်ပါတယ်။ (Fengshuiအိပ်ခန်းအကြောင်းရေးရင်ထည့်ရေးပေးပါမယ်။) 
  3. ကုတင်အောက်ကိုပစ္စည်းတွေထည့်သိမ်းထားပါ။ နေရာလပ်မရှိပါစေနဲ့။ ကိုရီးယား Style မွေ့ယာပဲ ကုတင်မပါဘူး ဆိုရင် တော့ ဒီအချက်ကတမင်လုပ်စရာမလိုတော့ဘူး။
  4. ကုတင်ပေါ်မှာ စောင်တွေ၊ခေါင်းအုံးတွေနဲ့ပွနေပါစေ။
  5. ကုတင်ဘေးမှာ side table တစ်လုံးပဲထားပါ။
  6. အိပ်ခန်းထဲမှာ TV ထားပါ။ ကြီးလေကောင်းလေ။ မအိပ်ခင် နာရီ၀က်လောက် သတင်းကြည့်ပါ။
  7. အခန်းကို မှောင်နေအောင်ထားပါ။ ပြတင်းပေါက်၊ လိုက်ကာမဖွင့်နဲ့။ 
  8. အပင်ခြောက်၊ ပန်းခြောက်တွေကို (artificial တွေကိုပြောတာမဟုတ်ပါ။ သဘာ၀ပန်းတွေ နွမ်းခြောက် သွားတာကို ဆိုလို ပါတယ်။) အခန်းရဲ့အနောက်တောင်ထောင့်မှာထားပါ။
  9. သင်နဲ့သင့်ချစ်သူနဲ့ ရယ်မောပျော်ရွှင်နေတဲ့ ဓာတ်ပုံတွေကိုသိမ်းထားလိုက်ပါ။
  10. သူ့ရဲ့အရင် ရှေ့က တစ်ယောက်အကြောင်းနဲ့ ပျော်ရွှင်ခဲ့ရတာတွေပြန်ပြန်စဉ်းစားပေးလိုက်ပါ။

                                                                                             
ဒီအချက်တွေအတိုင်းသာလုပ် မကွဲမနေဘူး။ အချိန်တော့နည်းနည်းပေးရမယ်နော်။

ပြီးရင်လည်းအခန်းပြန်ရှင်းဖို့မမေ့နဲ့ နောက်အသစ်မရဘဲနေမယ်။


To read with Zawgyi






No comments:

Post a Comment