Choosing Fengshui place: ဖုန်းရွှေကောင်းသောမြေနေရာရွေ:ချယ်ခြင်း


တရုတ်လူမျိုးတွေ မြေဝယ်တော့မယ်၊ အိမ်ဝယ်တော့မယ်ဆိုရင် ပထမဆုံးလုပ်လေ့ ရှိတဲ့အလုပ်က ဖုန်းရွှေကောင်း မကောင်း ကြည့်ပါတယ်။ ဖုန်းရွှေကောင်းမကောင်းဆိုတာက ကံကောင်းတဲ့လက္ခဏာတွေရှိမရှိ၊ စီးပွား တက်ကိန်း ရှိမရှိ ကြည့်တာကို ပြောတာပါ။
အခုပြောမှာကတော့ မြေအိမ်နေရာရွေးချယ်မှု အဆိုးအကောင်းတွေပဲဖြစ်ပါတယ်။ ဒီနေရာမှာ ခေတ်နဲ့လုံး၀မလျော်ညီ တော့တဲ့၊ လုံး၀ရှာဖွေလို့ရမှာ မဟုတ်တော့တဲ့ ပုံစံမျိုးတွေကို အကျယ်တဝံ့မပြောတော့ဘဲချန်ထားခဲ့ပါမယ်။  ဥပမာ ပြောရရင် - ဘေးမှာ တောင်တန်းလေးတွေပတ်နေပြီး အနောက်ဘက်မှာ  တောင်တန်းကြီးက နောက်ခံနေပေးတဲ့နေရာမျိုး မြစ်၊ ချောင်း တွေ ကွေ့ဝိုက်စီးဆင်းတဲ့နေရာမျိုးက ဖုန်းရွှေအကောင်းဆုံး မြေကွက်ပုံစံပါ။ ကဲရှာလို့ရဦးမှာလား။

ကဲဒါကတော့ သတိထားရမယ့် အချက်လေးတွေပါ။

  1. အိမ်ဆောက်မယ့်မြေဟာ စတုဂံ (သို့) ထောင့်မှန်စတုဂံဖြစ်ရပါမယ်။ အနားမညီတဲ့မြေကွက်၊ L ပုံစံရှိတဲ့မြေကွက်၊ တွေဟာ အိမ်ဆောက်ဖို့မသင့်ပါဘူး။  အရှေ့ကျယ်ပြီး အနောက်ကျဉ်းတဲ့မြေကွက်မျိုးမှာ နေရင်လည်း အိမ်ထောင်ရေးအဆင်မပြေ တတ်ပါဘူး။
  2. ဘုရားကျောင်း၊ ဘုံကျောင်း၊  သင်္ချိုင်းတို့ရဲ့ အနီးမှာ နေလို့မသင့်တော်ပါဘူး။
  3. ကိုယ့်ရဲ့အိမ်နားမှာ တခြားအိမ်တွေလည်းရှိမယ်ဆို ကျန် မြေတွေရဲ့ အကျယ်အ၀န်း၊အိမ်တွေအားလုံးဟာ  အရွယ်အစား မတိမ်းမယိမ်းရှိရပါမယ်။ ကိုယ့်အိမ်ထက်အရမ်းပိုကြီး၊ ပိုမြင့် တဲ့အိမ်မျိုးတွေ ကိုယ့်အိမ်ရဲ့ပတ်၀န်းကျင်မှာ ရှိမနေရ ပါဘူး။
  4. လှေဦးတိုက်၊ လှေဦးတိုက်လို့ခေါ်တဲ့ လမ်းဖြောင့်ရဲ့အဆုံးနေရာ   ။ ဒီလိုနေရာမျိုးကိုရောက်နေရင် အိမ်ရှေ.မှာ ကြည့်မှန်ကိုတပ်ပေးပါ။
  5. ဂုံးကျော်တံတားအောက်၊ မိုးပျံလမ်းမကြီးရဲ့အောက်ရောက်နေရင်မကောင်းပါဘူး ။ အောက်မရောက်ရင်တောင် တံတားရဲ့ အချွန်နေရာက ကိုယ့်အိမ်ကို ထိုးထားရင်မကောင်းပါဘူး။ (ရန်ကုန်က ဂုံးကျော်တံတားတွေကိုကြည့်ရသလောက်ကတော့ ထောင့်ချွန်တွေမလုပ်ပဲ ဝိုက်ထားတာတွေ့ရတယ်။)
  6. သင့်အိမ်က လမ်းမကြီးပေါ်ကို တက်ဖို့ ကိုယ်ပိုင်လမ်းလေးဖောက်ရမယ်ဆို လမ်းဖြောင့်ထက်စာရင်၊ လမ်းလေးကိုကွေ့ပြီး ဖောက်တာပိုကောင်းပါတယ်တဲ့။ မြေတော့ပိုကုန်တာပေါ့။ ဖုန်းရွှေပညာဆိုတာ ကောင်းတဲ့ချီဓာတ်တွေကို ဖိတ်ခေါ်တဲ့ ပညာပါ။ ဖြောင့်တန်းတဲ့နေရာတွေဆို ချီဓာတ်၀င်တာမြန်ပြီး၊ ကွေ့ကောက်တဲ့နေရာတွေမှာဆို ချီဓာတ်စီးဆင်းမှု မျှတ တယ်လို့ ယူဆတဲ့ အတွက် လမ်းကွေ့လေးတွေပိုကောင်းတာပါ။
  7. အကွေ့အကောက်လေးတွေအကြောင်းပြောရင်းနဲ့  တိုက်ဆိုင်လို့ပြောဦးမယ်။ ဂုံးကျော်တံတားရဲ့အောက်တို့ ထောင့်ချွန် ထိုးတဲ့နေရာတို့သာမကောင်းတာပါ။တံတားကို ကိုယ့်အိမ်ကို ဝိုက်ပတ်ပြီးသွားရင်လည်း အရမ်းကောင်းပါတယ်တဲ့။
  8. မြစ်ချောင်းတွေ ဝိုက်ပြီးစီးသွားရင်လည်းမင်္ဂလာအရမ်းရှိတယ်တဲ့။  ဒါပေမယ့် အိမ်ရဲ့အနောက်ကနေ ဖြတ်သန်းစီးဆင်း သွားတာမျိုးကြီးပဲ ဆိုရင်တော့မကောင်းပါဘူး။ အခွင့်အရေးတွေလက်လွှတ်ဆုံးရှုံးရတတ်ပါတယ်။  ဖြေဆေးအနေနဲ့ အိမ်နဲ့ချောင်းကြားမှာ သစ်ပင်တွေစိုက်ပြီးကာလိုက်ပါ။
  9. အိမ်ရဲ့၀င်ပေါက်ရှေ့မှာ အဆောက်အဦး အမြင့်ကြီးတွေ၊ သစ်ပင်တစ်ပင်တည်း ထီးထီးကြီးပေါက်နေတာမျိုးတွေ ရှိရင် မကောင်းပါဘူး။ တစ်ခြားအဆောက်အဦးရဲ့ အမိုးထောင့်ချွန်တွေကလည်း ကိုယ့်အိမ်၀င်ပေါက်ကို ထိုးမနေစေရပါဘူး။

မြေနေရာကောင်းတွေကိုရွေးချယ်နိုင်ပါစေ။


To Read with Zawgyi

No comments:

Post a Comment