Fegnshui School: သင့်အိမ်အတွက်အရပ်မျက်နှာရှာဖွေခြင်း

Luo Pan Compass
    ဖုန်းရွှေကောင်းတဲ့အိမ်ဆိုတာ ချီဓာတ်စီးဆင်းမှုကောင်းရမယ် ဓာတ်ကြီး ငါးပါးသမမျှတစွာတည်ရှိနေရမယ်။  ပစ္စည်းတွေဟာ မှန်ကန် တဲ့ နေရာမှာရှိဖို့အရေးကြီးပါတယ်။ ဥပမာပြောရရင် အလုပ်အကိုင် နဲ့ဆိုင်တဲ့အရပ်မျက်နှာက မြောက်အရပ်ပါ။ အဲဒီ ထောင့်ကို ရေဓာတ်က စိုးမိုးပါတယ်။ အလုပ်အကိုင် ကောင်းချင်ရင် အဲဒီထောင့် အားကောင်းအောင် ရေဓာတ်ကိုအားဖြည့်တဲ့အနေနဲ့ ငါးကန်၊ ရေကန်ပုံပန်းချီစသည်တို့ထားရပါမယ်။ ရေကိုအားပေးတဲ့ ရွှေဓာတ် (သို့) သတ္ထုဓာတ် နဲ့ဆိုင်တဲ့ပစ္စည်းတွေထားရပါမယ်။ မီးဓာတ်နဲ့ဆိုင်တာတွေရှောင်ရပါမယ်။
ဒီအချက်တွေကို ဆောင်ရွက်ဖို့အတွက် ပထမဆုံးဆောင်ရွက်ရမှာက အိမ်ရဲ့ သက်ဆိုင်ရာအရပ်မျက်နှာကို ရှာရပါမယ်။ ဒီလိုရှာဖို့အတွက် ဖုန်းရွှေပညာရှင်တွေသုံးတဲ့ နည်းလမ်း (၂)ခုရှိပါတယ်။

ပထမတစ်ခုကတော့
နံပါတ်(၁) နည်းက တရုတ်ပြည်ကပညာရှင်တွေအသုံးများပါတယ်။ တိကျပါတယ်။ သံလိုက်အိမ်မြောင်ကို သုံးရတဲ့အတွက် ခက်ပါတယ်။ အနားပတ်၀န်းကျင်မှာ TV, Computer တို့ ဖွင့်ထားရင် ရလာတဲ့ အဖြေက မမှန်နိုင်ပါဘူး။ IPhone ရဲ့ compassကို သုံးရင်လည်းမမှန်နိုင်ပါဘူးလို့ပြောကြပါတယ်။
နံပါတ်(၂) နည်းက အမေရိကန်ရောက် တရုတ်ပညာရှင် လျှိုယမ်က တီထွင်ခဲ့တာပါ။ compass မလိုပါဘူး။ သင့်အိမ်ရဲ့ ပုံစံကြမ်းကို အရွယ်တူအကွက်ကိုးကွက်ခွဲလိုက်ရင်အစဉ်ပြေပါတယ်။ အသုံးပြုရလွယ်ပါတယ်။

ဒီနှစ်နည်းမှာ ဘယ်ဟာက ပိုတိကျတယ်။ ပိုမှန်တယ် ပိုကောင်းတယ် လို့တော့ပြောလို့မရပါဘူး။ သင်နှစ်သက်တဲ့ဟာ တစ်မျိုးကိုပဲ ပုံသေသတ်မှတ် သုံးပါ။


To Read with Zawgyi


No comments:

Post a Comment