Compass Fengshui1: ရှေးဟောင်းအရှေ့တိုင်းနည်းပညာဖြင့်အရပ် မျက်နှာရှာဖွေခြင်း(၁)


သံလိုက်အိမ်မြှောင်ကို အသုံးပြုရတဲ့ ရှေးဟောင်း အရှေ့တိုင်းနည်းပညာ။ (The traditional, or classical feng shui schools)ကို အသုံးပြုဖို့အတွက်
၁.သံလိုက်အိမ်မြှောင်      ၂.ပေတံ                         ၃. စက်ဝိုင်းခြမ်း             ၄. စကေးကိုက်၍ ဆွဲထားသော အိမ်ပုံကြမ်း လိုအပ်ပါတယ်။

ပထမအဆင့်အနေနဲ့ သံလိုက်အိမ်မြှောင်ကို အသုံးပြု၍ အရပ်မျက်နှာကိုဖတ်ပါမယ်။  ပန်းခြံ နေရာချဖို့ဆိုရင် ခြံ၀န်းတစ်ခုလုံးရဲ့ ပုံကြမ်းလိုပါတယ်။ အရပ်မျက်နှာကို ခြံ၀န်းတံခါးနေရာက စတိုင်းပါမယ်။  အိမ်တွင်းအခန်းအနေအထားသိဖို့၊ ပစ္စည်းချို့ဆိုရင် အိမ်ရဲ့ floor plan ရှိရင်ရပါပြီ။ အိမ်ရှေ့တံခါးမကြီးမှ အပြင်ဘက်ကိုမျက်နှာမူ၍ သံလိုက်အိမ်မြှောင်၏ အဖြေကိုဖတ်ပါ။     
မြောက်                         -           ၃၃၇.၅ဒီဂရီ မှ ၂၂.၅ ဒီဂရီ အတွင်း
အရှေ့မြောက်                 -           ၂၂.၅ဒီဂရီ မှ ၆၇.၅ ဒီဂရီ အတွင်း
အရှေ့                            -           ၆၇.၅ဒီဂရီ မှ ၁၁၂.၅ ဒီဂရီ အတွင်း
အရှေ့တောင်                  -           ၁၁၂.၅ဒီဂရီ မှ ၁၅၇.၅ ဒီဂရီ အတွင်း
တောင်                          -           ၁၅၇.၅ဒီဂရီ မှ ၂၀၂.၅ ဒီဂရီ အတွင်း
အနောက်တောင်             -           ၂၀၂.၅ဒီဂရီ မှ ၂၄၇.၅ ဒီဂရီ အတွင်း
အနောက်                       -           ၂၄၇.၅ဒီဂရီ မှ ၂၉၂.၅ ဒီဂရီ အတွင်း               
အနောက်မြောက်            -           ၂၉၂.၅ဒီဂရီ မှ ၃၃၇.၅ ဒီဂရီ အတွင်း       

ဒုတိယအဆင့်အနေနဲ့ ပုံကြမ်းပေါ်မှာ ဤကဲ့သို့ အရပ်မျက်နှာတွေရအောင်စဆွဲပါမယ်။

၁။  Floor plan စာရွက် ရဲ့အလယ်ဗဟိုကိုရှာပါ။ အိမ်ပုံမှာ စတုဂံ (သို့) ထောင့်မှန်စတုဂံ မဟုတ်ပါက ပျောက်ဆုံးဧရိယာ အဖြစ်သတ်မှတ်၍ စတုဂံ (သို့) ထောင့်မှန်စတုဂံ ဖြစ်အောင်ဖြည့်ဆွဲပြီးမှ ဗဟိုရှာပါ။
၂။ တံခါးမကြီးနေရာရဲ့အလယ်လောက်မှာ အစက်တစ်စက်မှတ်ပါ။  အလယ်မှတ်နှင့်ဆက်ပါ။ သင်ရထားတဲ့အဖြေကို မှတ်ပါ။
၃။  သင်ရထားတဲ့အဖြေဟာ အရပ်ရှစ်မျက်နှာရဲ့ ဘယ်အရပ်မှာရလဲဆိုတာ အပေါ်ကစာပိုဒ်မှာရှာပါ။ နမူနာ အနေဖြင့် မြောက်အရပ်သို့ မျက်နှာမူထားသော တံခါးမကြီးကိုအသုံးပြု၍ဆက်ပြောပါမည်။
၄။  ရရှိလာသောမျဉ်းနှင့် စက်ဝိုင်းခြမ်းကိုအသုံးပြု၍ ၂၂.၅ ဒီဂရီ နှင့် ၃၃၇.၅ ဒီဂရီကိုရှပါ။ မြောက်အရပ်ကိုရပါပြီ။ (သင်ရရှိသော အဖြေနှင့်အနီးစပ်ဆုံး နေရာမှ စဆွဲပါ။)
၅။  ၆၇.၅ ဒီဂရီကိုရှာပါ။  ရှိပြီးသား၂၂.၅ ဒီဂရီနှင့် ဆက်ပါက အရှေ့မြောက်အရပ်ကိုရမည်။
၆။ ဤနည်းအတိုင်း ဆက်လက်ရှာဖွေပါက အရပ်မျက်နှာ ရှစ်ခုလုံးရရှိပါမည်။ 


အရပ်မျက်နှာတစ်ခုချင်းစီရဲ့ ဂုဏ်သတ္တိကို
 ရှေးဟောင်းအရှေ့တိုင်းနည်းပညာဖြင့်အရပ်မျက်နှာရှာဖွေခြင်း(၂) တွင်ဆက်လက်ဖတ်ရှုပါ။



No comments:

Post a Comment