Chinese valentine day (နှစ်သစ်မှာအချစ်ရေးကံကောင်းစေဖို့)

ခုတလော စာမရေးဖြစ်တာ တော်တော်ကြာခဲ့သပေါ့။ ဒီစာလေးကို ခုမရေးဖြစ်ရင် နောက်ဘယ်တော့မှ ရေးလို့ရမှာမဟုတ်တော့လို့ အမြန်ထရေး လိုက်တာပါ။ တင်တာတောင်နည်းနည်း နောက်ကျသွားပါတယ်။

ဖေဖော်ဝါရီ (၁၄) လို့ပြောလိုက်ရင် Valentine day ဆိုတာလူငယ်တွေအားလုံးသိကြပါတယ်။ Fengshui သမားတွေ အတွက် ကတော့ Chinese valentine dayဆိုတဲ့ တစ်နှစ်လုံးမှာ အချစ်ရေး အတွက် အ​ေကာင်းဆုံးနေ့က တရုတ်နှစ်ကူးရဲ့ နောက်ဆုံးနေ့ နှစ်ဆန်း ၁၅ရက်နေ့ပါ။ ၂၀၁၄မှာ အဲဒီနေ့က ဖေဖော်ဝါရီ ၁၄ရက်ပါပဲ။ အကောင်းဆုံး တိုက်ဆိုင်မှုပါ။ နောက်ထပ်ဘယ်နှနှစ်နေမှ ဒါမျိုးထပ်တွေ့ ရမလဲမသိဘူးနော်။ တစ်နှစ်လုံး အချစ်ရေး ကံကောင်းနေစေဖို့ လုပ်ဆောင်ရမယ့် အချက်လေးတွေပြောပြမယ်နော်။ ချစ်သူမရှိသေးသူတွေအတွက် အချစ်သစ်ကို ရှာဖွေနိုင်မယ့်အခွင့်အလမ်းပါ။ အဆင်မပြေဖြစ်နေတဲ့ စုံတွဲတွေအတွက်လည်း ပေါင်းကူး တံတားလေးလုပ်ပေးမှာပါ။

၁။ ပန်းတွေနဲ့အလှဆင်ပါ။
Pussy willow branches
တရုတ်နှစ်ကူးကျင်းပတဲ့သူတွေအတွက်တော့ အထွေအထူးမဟုတ်ပါဘူး။ နှစ်ကူးမှာ အိမ်ကိုပန်းတွေနဲ့အလှဆင် ကြပါတယ်။ သင်လည်း ကြွေပန်းအိုး အဖြူလေးထဲမှာ ပန်းထည့်ပြီးအလှဆင်ပါ။ ဖုန်းရွှေအကောင်းဆုံးပန်းက ပီအိုနီလို့ခေါ်တဲ့ တရုတ်နှင်းဆီပန်းပါ။ မြန်မာနိုင်ငံမှာတော့ မရှိပါဘူး။ အဲဒီအတွက် ကာနေရှင်းတို့ နှင်းဆီတို့သုံးပါ။ ကာနေရှင်းကတော့ နှင်းဆီထက်ပိုခံပါတယ်။ နှင်းဆီသုံးရင် အဲဒီနေ့မှာအလှဆုံး အလန်းဆုံး ဖြစ်အောင် တစ်ရက်လောက်ပဲကြိုဝယ်ပါ။ အဖူးလေးကနေ လန်းလန်း ဆန်းဆန်းလေး ပွင့်လာတာမျိုးဆို အရမ်းကောင်းပါတယ်။ pussy willow branches ဆိုတဲ့ပန်းလေးတွေရောထည့်ပါ။ မြန်မာလိုဘာခေါ်မှန်းမသိလို့ အိမ်ကပန်းတွေဓာတ်ပုံရိုက်ထည့်ပေးလိုက်တယ်။ တရုတ်တန်းမှာ ဒီအချိန်ဆို၀ယ်လို့ရပါတယ်။ အနီ၊ ပန်းရောင်စတဲ့ အရောင်တွေသုံးပါ။

၂။ အနီရောင်အင်္ကျီ ဝတ်ဆင်ပါ။
            အနီရောင်ဆိုတာ ဆွဲဆောင်မှုအပြင်းထန်ဆုံးအရောင်ပါ။ နှစ်ဆန်း ၁၅ ရက်မှာ အနီရောင်ဝတ်ဆင်ပါ။

၃။ ချစ်သူနဲ့ အတူ ဆင်နွှဲပါ။
            Chinese valentine day ကို လည်း valentine dayလိုပဲ ဆင်နွဲပါ။ ဆိုလိုတာ ချစ်သူချင်းလက်ဆောင် ပေးတာ။ ညစာအတူစားတာတို့လုပ်ပေးပါ။ ၂၀၁၄မှာတော့ တစ်ရက်တည်းမို့ တကူးတကမလိုပါဘူး။


၄။ အခန်းကို romatic ဖြစ်အောင်ပြင်ပါ။
            Romatic ဖြစ်အောင်ပြောတာနော် sexyဖြစ်အောင်ပြောတာ မဟုတ်ဘူး။ တစ်ချို့ကမှားတတ်လို့။ အချစ်ရေးထောင့်မှာ စုံတွဲပစ္စည်းလေးတွေနဲ့အလှဆင်ခိုင်းတာ။ စုံတွဲရုပ်ကလေးတွေ၊ စုံတွဲငန်းရုပ်တွေ၊ မှတ်ဘောင်လှလှလေးနဲ့ ကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ရိုက်ထားတဲ့ပုံ၊ အချစ်နဲ့ပတ်သက်တဲ့ ပန်းချီလှလှလေးတွေထားပါ။ ပန်းအိုးထားမယ်ဆိုရင်တောင် စုံတွဲပန်းအိုးထားနော်။ အချစ်ရေးထောင့်မသိရင် ဒီမှာ ရှာပါ။

၅။ ဆွဲဆောင်မယ့်လမ်းကြောင်းရှာပါ။
            ခေါင်းစဉ်ဖတ်ပြီးအဓိပ္ပာယ်ကောက်မမှားစေချင်ဘူး။
အချစ်ရေးထောင့်က အားလုံးအတွက်အတူတူပေမယ့်။ တစ်ဦးချင်းစီအတွက် ကံကောင်းတဲ့အချစ်တွေ ဝင်လာမယ့်လမ်းကြောင်းက မတူဘူး။  ဒီလမ်းကြောင်းကနေ ကောင်းတဲ့ချီဓာတ်တွေ၀င်လာနိုင်အောင် လုပ်ပေးရင်းနဲ့ ကောင်းတဲ့အချစ်ရေးကံတွေကို ဆွဲဆောင်ရမယ်။ မွေးနေ့သိရင် သက်ဆိုင်ရာ ကွနံပါတ်ကို ဒီမှာ ရှာ။ ပြီးရင် အောက်မှာပေးထားတာနဲ့တိုက်ကြည့်ပါ။ 
ကွနံပါတ်အကြောင်းက သတ်သတ်အကြောင်းအရာတစ်ခုအနေနဲ့ နောက်တော့ပြောပြပါမယ်။  
သင့်ရဲ့ ကွနံပါတ်က  (၁).  ဆိုရင်  တောင်အရပ် မှာ သစ်ပင်တွေ၊ မီးဓာတ်ပစ္စည်းလေးတွေနဲ့ အလှဆင်ပါ။
                                    မီးဓာတ်အတွက်က ဖယောင်းတိုင်အလှလေးတွေ၊ မီးလုံးလေးတွေသုံးပါ။ သိပ်တော့အများကြီးမထားနဲ့နော်။           
                       
(၂). နဲ့ (၅ အမျိုးသား)     အနောက်မြောက်
(၈). နဲ့ (၅ အမျိုးသမီး)    အနောက်   
ဒီ အုပ်စု ၄ခုလုံးက သက်ဆိုင်ရာထောင့်မှာ မြေဓာတ်နဲ့ဆိုင်တဲ့ ပစ္စည်း သံ (သို့)ရွှေဓာတ်နဲ့ ဆိုင်တဲ့ပစ္စည်းလေးတွေထားပါ။  ကျောက် (ဥပမာ သလင်းကျောက်၊ ကျောက်စိမ်း) နဲ့လုပ်တာမှတ်သမျှ မြေဓာတ်ပါ။ ပလာစတာရုပ်တွေကောပေါ့။ ပလပ်စတစ်ရုပ်ဆိုရင်တော့ မီးဖြစ်သွားပြီ။ ကြွေပန်းအိုး၊ မြေပန်းအိုးသုံးရင်လည်းမြေဓာတ်ပဲ။ သံဓာတ်အတွက်က metal နဲ့လုပ်တဲ့ဟာတွေ။ အဲဓီပစ္စည်းတွေနဲ့ သက်ဆိုင်ရာထောင့်မှာ အလှဆင်ပေးပါ။

(၃) က အရှေ့တောင် (၄)က
အရှေ့ အရပ်တွေမှာ သစ်ပင်၊ ပန်း အစရှိတာတွေနဲ့အတူ ရေဓာတ်များတဲ့ပစ္စည်း (ရေကန်၊ ရေတံခွန်၊ ငါး စတာတွေရဲ့ ဓာတ်ပုံ၊ ပန်းချီ) တွေထားပါ။  ပန်းထားရမှာဆိုတော့ ရေဓာတ်ပါပြီးသားမို့ ပစ္စည်းသတ်သတ်မထားလည်းရပါတယ်။ ဒါပေမယ့် ပန်းတွေ အပင်တွေကို စုံထားပါ။

(၆)က အနောက်တောင် (၇)က အရှေ့မြောက်
ထားရမှာက မြေဓာတ်နဲ့ မီးဓာတ်ပါတဲ့ပစ္စည်း         
                       
(၉) က မြောက်အရပ်မှာ ရေဓာတ်နဲ့ သ့(သို့)ရွှေဓာတ်ပါတဲ့ပစ္စည်း

၆။ ဆုတောင်းပါ။
လုပ်ရမှာ တစ်ခုပဲကျန်တော့တယ်။ ဆုတောင်းရပါမယ်။ ကိုယ်ဖြစ်ချင်တာကိုလေးလေးနက်နက်ဆုတောင်းပါ။ ပြီးရင် စက္ကူ၊ ဖဲကြိုးတစ်ခုခုပေါ်မှာရေး။ ပန်းရောင်လေးဆိုပိုကောင်းတယ်။ ပြီးရင် အိမ်က သစ်ပင်မှာချီ၊ ဒါမှမဟုတ် ဝရံတာမှာ တလွင့်လွင့်ဖြစ်နေအောင်ချီထားပါ။ သင့်ဆုတောင်းပြည့်မှာပါ။ တစ်ချို့က ဘုံကျောင်းက သစ်ပင်တွေမှာ ဆုတောင်းစာတွေချီထားတတ်တယ်။


တစ်နှစ်လုံးပျော်ရွှင်ကြပါစေ။ 

TO READ WITH ZAWGYI FONT

No comments:

Post a Comment