Histroy of Hungry Ghost festival:တစ္ဆေကြီးပွဲတော်နဲ့ သမိုင်းကြောင်း



တရုတ်ပြက္ခဒိန်ရဲ့( ၇ )လပိုင်း ( ၁ ) ရက်နေ့ကို ရောက်ပြီဆိုရင် ဝိညာဉ်တွေနေတဲ့ နတ်ပြည်ရော၊ ငရဲရောက တံခါးတွေကိုဖွင့်ပေးလိုက်ပြီး လူ့လောကမှာ ရက် (၃၀) လုံး လာရောက်လည်ပတ်လေ့ရှိတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် (၇)လပိုင်း တစ္ဆေများလလို့ ခေါ်တာပါ။  ဒါကတော့ တာအိုအယူဝါဒနဲ့ မဟာယာန ဗုဒ္ဓဘာသာရဲ့ အယူဝါဒက ဆင်းသက်လာတဲ့ ရိုးရာဆိုတော့ ထေရဝါဒ အယူဝါဒ အနေနဲ့ကြည့်ရင် တစ်မျိုးတော့ ဖြစ်နေတယ်။



ဘုရားရှင် လက်ထက်က ဘုရားရှင်ရဲ့တပည့်ကြီး အရှင်မောဂ္ဂလာ ဟာ ကွယ်လွန်သွားတဲ့မိခင် ဘယ်ကိုရောက်နေလဲ ဆိုပြီး ကြည့်လိုက်တဲ့အခါမှာ ငရဲပြည်မှာ ဒုက္ခခံနေရတာကိုသွားတွေ့ရတယ်။ မိခင်ကို အစားအသောက်တွေ သွားကျွေးမွေးပေမယ့် လမ်းမှာသရဲတွေလုစားတာကိုခံရတယ်။ မိခင်ဆီရောက်တဲ့အခါမှာလည်း စားလို့မရဘဲ ပြာပူတွေဖြစ်သွားလို့ ပါးစပ်တွေလောင်ကျွမ်းကုန်တာကိုမြင်ရတော့ အရမ်း၀မ်းနည်းသွားတယ်။


ဒါနဲ့ ဘုရားရှင်ကို လျှောက်တင်တဲ့အခါ (၇)လပိုင်း (၁၄)ရက်နေ့မှာ လှူဒါန်းပေးပါလို့မိန့်တယ်။ (၇)လပိုင်း(၁၄)ရက် ရောက်တော့ သစ်သီးတွေကို ပန်းကန်နဲ့ထည့် အမွှေးတိုင်၊ ဖယောင်းတိုင်တွေ ထွန်းပြီးလှူဒါန်းကျွေးမွေးမှ မိခင်ဆီ ရောက်တယ်။ ဒီလိုနဲ့ပဲ ဒီပွဲတော် ယဉ်ကျေးမှုစတင်လာပါတယ်။

တရုတ်လူမျိုးတွေက (၇)လ(၁၄)ရက်မှာ ကွယ်လွန်သွားကြတဲ့ ဆွေမျိုးတွေကို ရည်ရွယ်ပြီး စားစရာတွေနဲ့ ပူဇော် ကြတယ်။ ရွှေစက္ကူ၊ ငွေစက္ကူ ရွှေတုံး ငွေတုံးစတာတွေ မီးရှို့လှူဒါန်းကြတယ်။ ပွဲလမ်းသဘင်တွေကျင်းပတယ်။ ဝိညာဉ်တွေ ပျော်ရွှင်စေဖို့လို့ဆိုပါတယ်။ အဲဒီလိုကျင်းပတဲ့အချိန်မှာလည်း ရှေ့ဆုံးတန်းမှာ ဘယ်သူမှမထိုင်ဘဲ နေရာချန်ထားပေးတတ်တယ်။ အိမ်ပြန်လမ်းကို လမ်းပြပေးတဲ့သဘောနဲ့ မြစ်တွေချောင်းတွေထဲမှာ ကြာပန်းပုံ ဆီမီးတွေလုပ်ပြီး ရေမျောကြတယ်။ ဝိညာဉ်တွေအတွက်ကောင်းကောင်းလုပ်ပေးရင် ကိုယ့်ကိုမနှောင့်ယှက်တော့ဘူး ဆိုတဲ့အတွေးနဲ့ပါ။ ဟောင်ကောင်၊ စင်ကာပူ နဲ့ မလေးရှားနိုင်ငံတွေမှာ zhong yuan jie လို့ခေါ်တဲ့ တစ္ဆေကြီးပွဲကို ကြီးကြီးကျယ်ကျယ်ကျင်းပ လေ့ရှိကြတယ်။






Reference: http://buddhism.about.com/od/buddhistholidays/a/hungryghosts.htm





To Read with Zawgyi Font

No comments:

Post a Comment